ဖရဲစိုက်တောင်သူများ ထိုင်းနိုင်ငံဘက်သို့ တင်ပို့ ရန် ပြင်ဆင်

ဖရဲရာသီချိန်ကာလဖြစ်သည့်အတွက် ဖရဲစိုက်တောင်သူများအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ ပြောင်းလဲတင်ပို့ ရန် ပြင်ဆင်နေကြောင်း ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများထံမှ သိရသည်။

တိုက်ပွဲများကြောင့် မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းရပ်တန့်နေသည့်အတွက် ၎င်းတို့ အနေဖြင့် ဈေးကွက်ပြောင်းလဲတင်ပို့ ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“တရုတ်ဘက်က ပိတ်ထားတော့ မော်လမြိုင်တို့ ဘားအံတို့ ဘက်ကို တင်ပို့ ဖို့ လုပ်နေတာပေါ့။ အဲဒီကပွဲစားတွေနဲ့ချိတ်ပြီးလုပ်နေတယ်။ အဲဒီလမ်းကြောင်းကနေမှတဆင့် ထိုင်းကိုတင်ပို့ လုပ်နေတယ်” ဟု မကွေးတိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူတစ်ဦးက ပြောသည်။