ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် စားသောက်ဆိုင်ထိုင်နေသော အမျိုးသားတစ်ဦးသတ်ဖြတ်ခံရ

တနင်္သာတိုင်းဒေသကြီး၊ ထားဝယ် မြို၊ ဆန်းချီရပ်ကွက်နေ ကိုကျော် ဇင်ဦး (၂၃) နှစ်သည် နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်၌ အဆိုပါရပ်ကွက်ရှိ “ကိုညီသူ” စားသောက်ဆိုင်တွင်ထိုင် နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် PDF အကြမ်းဖက်သမားတစ်ဦးရောက် လာပြီး ကိုကျော်ဇင်ဦးအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ကိုကျော်ဇင်ဦးတွင် ဦးခေါင်းနှင့် ရင်ဘတ်တို၌ ကျည်ဖောက်ဝင် ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။