တရုတ်ကျွမ်းဘားမယ် တစ်ဦး ယောင်္ကျားနှင့်အတူ လေထဲ၌ အကွက်ပြ ဖျော်ဖြေစဉ် ပြုတ်ကျကာ သေဆုံး

တရုတ်နိုင်ငံတွင် ကျွမ်းဘားမယ်တစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့်အတူ လေထဲတွင် ပြကွက်တစ်ခု ပြုလုပ်ဖျော်ဖြေနေစဉ်အတွင်း ပြုတ်ကျ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုအဖြစ်အပျက်မှာ ပြီးခဲ့သည့်အပတ် စနေနေ့က အန်းဟွေးပြည်နယ်၊ ဆူးကျိုမြို့အနီးရှိ ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသက် ၃၇ နှစ်အရွယ် ကျွမ်းဘားမယ် ဆန်းမော်မော်သည် ခင်ပွန်းဖြစ်သူ ကျန်းမော်မော်နှင့်အတူ အလွန်အန္တရာယ်များသော ကျွမ်းဘားပြကွက်တစ်ခုကို လုံခြုံရေးကိရိယာများ မတပ်ဆင်ဘဲ ပြုလုပ်ခဲ့ကြသည်။