မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

စိတ်ထားမတတ်ရင်

လောကကြီးမှာ
တစ်ယောက်နဲ့တစ်ယောက်က

မွေးဖွားတာခြင်း မတူကြတော့
ရှင်သန်ပုံခြင်းလည်း မတူကြပြန်ဘူး

လုပ်ဆောင်တာခြင်း မတူကြတော့
ရပ်တည်ပုံခြင်းလည်း မတူကြပြန်ဘူး

စေတနာထားခြင်း မတူကြတော့
အကျိုးပေးခြင်းလည်း မတူကြပြန်ဘူး

မတူညီတာတွေကို
လိုက်ပြိုင်ဖို့လည်း မကြိုးစားပါနဲ့
လိုက်တု ဖို့လည်း မတွေးလိုက်ပါနဲ့

တချိုးအရာတွေက
ပြိုင်လို့ရမယ် လိုက်တုလိုရပေမယ့်

တချို့အရာတွေကျ
ပြိုင်လို့မရသလို လိုက်တုလို့လည်း
မရဘူး

စိတ်ထားမတတ်ရင်
ကိုယ့်ကိုယ်ကိုယ်
ပြန်ပြီး ဒုက္ခပေးတာနဲ့အတူတူပဲ

ဒါကြောင့်
ကိုယ့်ဘဝကို
သူတစ်ပါးနဲ့ နေရာတိုင်းမယှဉ်ပြိုင်ပဲ

ကိုယ့်ကိုယ်ကိုယ်
အကောင်းဖြစ်အောင် ကြိုးစားပါ

ကိုယ့်ဆီရောက်လာတဲ့ အရာတိုင်းကို
လက်ခံနိုင်အောင် ကြိုးစားပါ

ကိုယ့်ရဲ့စိတ်ကို
နေရာတိုင်း အလိုမလိုက်မအောင်
သတိတရားနဲ့ ရှင်သန်နေထိုင်လိုက်
ပါ။

🙏အရှင်ဇဝန (ရွှေကုန်းမြေ)🙏