ရေကြောင်းလေကြောင်းလူငယ် သင်တန်းများကိုလေ့ကျင့်ပေး

တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယား ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၉၇ ဦး၊ ကိုကိုးကျွန်း မြို့ရှိ ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၇၁ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ  ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ ၈၅ ဦးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲမြို့ရှိ ရေကြောင်း လူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်း လူငယ်သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြား ပေးလျက်ရှိတယ်လို့သိရပါတယ်။