ဘောလုံးပွဲစဉ်ရလဒ်များ

■ အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့်(ပထမအကျော့) ပွဲပြီးရလဒ်

အယ်လ်ဖေဟာ ဝ-၁ အယ်လ်နာဆာ
အယ်လ်နာဆာ – စီရော်နယ်လ်ဒို(၈၁ မိနစ်)

  • စီရော်နယ်လ်ဒိုသည် ယနေ့ပွဲတွင် ကလပ်အသင်းပွဲ ၁၀၀၀ ပြည့်ခဲ့ပြီး ၈၇၄ ဂိုးမြောက် သွင်းယူနိုင်ခဲ့သည်။
  • သူ့အတွက် ယခုနှစ်၏ ပထမဆုံးသွင်းဂိုးဖြစ်ပြီး ၂၀၀၂ မှ ၂၀၂၄ ခုနှစ်အထိ နှစ်တိုင်း ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့သည်။

■ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်(ပထမအကျော့) ပွဲပြီးရလဒ်
♦️ လာဇီယို ၁-၀ ဘိုင်ယန်မြူးနစ်
လာဇီယို – အီမိုဘီလီ(၇၀ မိနစ် Pen)

  • ၆၇ မိနစ်တွင် ဘိုင်ယန်နောက်ခံလူ အူပါမယ်ကာနို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရသည်။
    ♦️ PSG ၂-၀ ဆိုစီဒက်
    PSG – ဘာပေ(၅၈ မိနစ်)၊ ဘာကိုလာ(၇၀ မိနစ်)