ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် KNU/PDF တို့နှင့် တိုက်ပွဲဖြစ်ပွား

မတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ အလူးလေးကျေးရွာအနီး တပ်မဟာ (၁)မှ အကြမ်းဖက် KNU/PDF တိုနှင့် တပ်မတော်လုံခြုံရေးအဖွဲဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါတိုက်ပွဲတွင် လုံခြုံရေးအဖွဲဝင်များ ထိခိုက်မှုမရှိပဲ KNU တပ်မဟာ (၁) ထံမှ
၁။ FGC-9 MK-2 သေနတ် ၁ လက်
၂။ ၎င်းကျည်အိမ် ၁ ခု
၃။ ၉ မမကျည် ၆ တောင့်
၄။ လက်လုပ်ရှေ့ထွက်မိုင်း ၅ လုံး
၅။ ဒီတိုနေတာ ၅ ခု
၆။ နှစ်ပင်လိမ်ဝါယာကြိုး(နီ/နက်) ၁၅၀ ပေ တိုအားသိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲနေရာအား ဆက်လက်ရှင်းလင်းစဥ် အကြမ်းဖက် KNU/PDF တို၏ သွေးစက်များပါတွေ့ရှိခဲ့ရသည့်အတွက် အကြမ်းဖက်သမားများအနေဖြင့် အထိနာ၍ ထွက်ပြေးသွားခဲ့ရခြင်းဖြစ်နိုင်ကြောင်း သတင်းရရှိပါသည်။