မိုင်းရယ်မြို့နယ်၊ ကုန်းညုကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

အောက်တိုဘာ ၂၅ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ ကုန်းညုကျေးရွာ၏ တောင်ဘက်၌ SSA(ဝမ်ဟိုင်း)အဖွဲ့နှင့်
အကြမ်းဖက်သမားများ လက်နက်အရောင်း/အဝယ်ပြုလုပ်နေကြောင်း ပြည်သူများ၏လျှို့ဝှက်သတင်းပေးမှုအရ
လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ Pajero ယာဉ်အား တွေ့ရှိ၍ ရပ်တန့်ခိုင်းစဉ်
လက်နက်များဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ-
-အကြမ်းဖက်သမား ၂ လောင်း
-M-4 ကာဘိုင် ၁ လက်
-Type-56 ၁ လက်
-Type-54 ပစ္စတို ၁ လက်
-Glock ပစ္စတို ၁ လက်
-ကျည်အိမ် ၅ ခု
-ကျည် ၂၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ဟု သိရပါတယ်…