ဆီဆိုင်တိုက်ပွဲအခြေအနေ

၀၇၁၅ ချိန် အကြမ်းဖက်အဖွဲ့မှ ခမရ ၄၂၃ အား အဝေးမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်။

၀၈၃၄ ချိန် ခမရ ၄၂၃ Banker ၄ အား ရန်သူ့ဘက်မှ Drop bomb ၃ လုံးချတိုက်ခိုက်ခဲ့၊ မိမိဘက်မှ ထိခိုက်မှုမရှိ။

၀၈၄၅ ချိန် လေယာဉ် ၂ စီးရောက်ရှိစိုးမိုးထားပြီး ၀၉၀၅ ချိန်မှစပြီး ခမရ ၄၂၃ အနီးဝန်းကျင်ရှိ ရန်သူခိုအောင်းနေရာများအား အလှည့်ကျ ဗုံးကြဲတိုက်ခိုက်လျက်ရှိ။

လေယာဉ်နှင့် လက်နက်ကြီးများဆက်တိုက်ပစ်ခတ်သဖြင့် ရန်သူ တစ်နေရာတည်းမှာ စုမနေရဲတော့ဘဲ မြို့အစွန် မထင်မရှားနေရာများတွင် ဖြန့်ခွဲပုန်းအောင်းလျက်ရှိ။

၁၀၁၂ ချိန်တွင် ခမရ ၄၂၃ ၏ မြောက်ဘက် (၂)ဖာလုံခန့် အကွာသို့ ထီမန့်ကျေးရွာ (LC-167385)တွင် သကသ (၅၀)ဦးခန့် ခိုအောင်းလျက်ရှိကြောင်း သိရ။

၁၀၁၅ ချိန် KNDF ရင်းမှူးအဆင့်ရှိသူအပါအဝင် ၁၂ သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရထားကြောင်းနှင့် ဒဏ်ရာရသူများကို ဖိုးဝီးများဖြင့် တင်ဆောင်ရန် ပြင်ဆင်နေ။

၁၀၃၀ ချိန်တွင် ခမရ ၄၂၃ သို့ အင်အားဖြည့် စစ်ကူတပ်ရင်းများ ရောက်ရှိပူးပေါင်းပြီးဖြစ်။

ကဒူးကြီး ကဒူးလေးဘက်မှ ဆီဆိုင်မြို့ကို နောက်ပိုးသိပ်တိုက်ခိုက်ရန် ချီတက်လာသော RCSS တပ်များ၏ လက်ရှိတည်နေရာ မသိရသေး။

မိမိဘက်မှ အကဲကြည့် Drone များဖြင့် ပျံသန်းအကဲကြည့်ပြီး အမြောက်များ၊ 122 အတွဲလိုက်ဒုံးများဖြင့် ရန်သူလှုပ်ရှားနေရာများအား ထိရောက်စွာပစ်ကူပေး တိုက်ခိုက်လျက်ရှိ။

ရန်သူသည် လက်နက်/ခဲယမ်းများ လျော့နည်းလာသဖြင့် မနေ့ည (ဇန် ၂၇ ည)ပိုင်းအချိန်မှစ၍ ရန်သူ၏ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာကြောင်း သိရှိရ။

တိုက်ပွဲသတင်းစုံ