ခေတ်စားလာတဲ့ KBZ ACCOUNT မှ ငွေလိမ်လည်ခြင်း

ယခုနောက်ပိုင်းမှာ KBZ ကပါဆိုပြီး ဖုန်းဖြင့် ဆက်သွယ်ပြီး ငွေလိမ်နေတာတွေကိုမကြာခဏဆိုသလို တွေ့မြင်လာနေရတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ လိမ်ပုံလိမ်နည်းအမျိုးမျိုးရှိကြပြီး အချို့သောငွေလိမ်နည်းများကို တော်တော်များများက သတိထားမိလာကြတော့ နောက်ပိုင်း သုံးလာတဲ့နည်းလမ်းကတော့ နိုင်ငံရေးနဲ့ ဆက်စပ်ပြီးအကြောက်တရားသွင်းကာ လိမ်လည်လာကြခြင်းပဲ ဖြစ်ပါတယ်။

သူတို့လိမ်ချင်တဲ့သူကို ဖုန်းဆက်ပြီး KBZ PAY ရှိမရှိစစ်ဆေးကာ ဖုန်းပိုင်ရှင်ထံသို့ ဖုန်းဆက်ပြီး ငွေလွဲများနေတဲ့အတွက် နိုင်ငံတော်အစိုးရကနေ စောင့်ကြည့်စစ်ဆေးခိုင်းသည်ဆိုကာ အကြောက်တရားသွင်းခြင်း ဖြစ်ပါသည်။ စစ်ဆေးမခံပါကလည်း အကောင့်အား ပိတ်သိမ်းပြီး ဉပဒေအရ အရေးယူခံရမည်ဆိုကာ ဗျူးလုံးထုတ်ကြည်သည့်အတွက် နည်းပညာကို နားမလည်သည့် သာမာန်ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်ကြခြင်း ဖြစ်ပါသည်။

ဖုန်းပိုင်ရှင်က စစ်ဆေးပါမည် ဆိုသောအခါ မက်ဆေ့ပို့ပြီး ကုတ်နံပါတ်များကို ရယူ၍ ငွေလိမ်လည်ခြင်းဖြစ်ပါသည်။ kbz ဘဏ် အနေဖြင့် အဆိုပါကဲသို့ သုံးစွဲသူ customer ထံသို့ ဖုန်းဆက်ပြီး ပြောဆို၍လည်း ဆောင်ရွက်၍မရပါ။ သို့ဖြစ်ပါ၍ အဆိုပါ ကဲ့သို့ ဆက်သွယ်လာပြီဆိုရင်တော့ ငွေလိမ်နေပြီဆိုတာကို သတိထားဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ စစ်သည်/ရဲမေ မိသားစုဝင်များ အနေဖြင့် မိမိငွေတွေ/ ပိုက်ဆံတွေ အလိမ်မခံရစေဖို့ ဖော်ပြပေးရခြင်း ဖြစ်ပါတယ်။