အသား​အရေအတွက် အပင်အခြေခံအစားအစာ

လူတွေက ဘာလို့ အပင်အခြေခံတဲ့ အစားအသောက်ကို ပိုစားကြတာလဲ

ကမ္ဘာတစ်ဝှမ်းက လူတွေက အပင်အခြေခံအစားအစာတွေက အသားနဲ့ နို့ထွက်ပစ္စည်းအစားအစာတွေနဲ့ ယှဥ်ရင်အာဟာရပိုမိုသိပ်သည်းတယ်ဆိုတဲ့ အချက်ကို သိရှိလာကြပါတယ်။ အချက်အလက်တွေအရ အသက် ၂၂ နှစ် ကနေ အသက် ၃၇ နှစ်ကြားရှိသူတွေရဲ့ ၆၀ ရာခိုင်နှုန်း ကျော်က သူတို့ရဲ့အစားအသောက်ရွေးချယ်မှု​တွေက ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတယ်ဆိုတာ ကောင်းစွာသိရှိထားကြပါတယ်။ အပင်အခြေခံ စားသောက်မှုပုံစံကို ကူးပြောင်းတာက ပိုမိုကျန်းမာတဲ့ ဘဝတစ်ခုကို ဦးဆောင်ဖို့ ကြိုးစားတာပါပဲ။

အစားအသောက်နဲ့ ကျန်းမာရေး

အူလမ်းကြောင်းကျန်းမာရေးနဲ့ အလှအပကြားမှာဆက်စပ်မှုရှိတဲ့အတွက် သင့်ရဲ့အူကျန်းမာ​ရေးနဲ့ သင့်အသားရေ၊ ဆံသားတို့အတွက် တစ်နေ့တာအစားအစာမှာ ပရိုဘိုင်အိုတစ်နဲ့ ပရီဘိုင်အိုတစ်တို့ ပါဝင်သင့်ပါတယ်။ သင့်အသားအရေနဲ့ ဆံပင်တွေရဲ့ကျန်းမာရေးက သင်စားတဲ့အရာအပေါ်မူတည်နေပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အရေးကြီးကြောင်း မီးမောင်းထိုးပြပါတယ်။ အောက်မှာဖော်ပြထားတဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစွာ စားသုံးခြင်းဖြင့်၊ ရေဓာတ်လုံလောက်စွာ စားသုံးခြင်းဖြင့်၊ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။

ဗီတာမင် ​အေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေကို နှေးကွေးစေပြီး အရေပြားကို နေရောင်ခြည်ထိတွေ့ခြင်းက ကာကွယ်ပေးပြီး ဆံပင်သန်စွမ်းမှုကို မြှင့်တင်ပေးပါတယ်။ အသီးတွေမှာ သဘာဝအလျောက်ပါဝင်တဲ့ ဗီတာမင် စီ နဲ့ ဇင့်စ်ဓာတ်တွေက ကော်လာဂျင်ကို လှုပ်ဆော်ပေးခြင့်ဖြင့် အရေပြားတင်းရင်းစေပြီး အနာကျက်မြန်စေတယ်။ ဗောက်ထခြင်းကို သက်သာစေတယ်။ဆံပင်ကျွတ်ခြင်းကို တားဆီးပေးပြီး ဆံသားထူလာစေဖို့ ကူညီပေးပါတယ်။ ဗီတာမင် အီက free radicals ကြောင့် ဖြစ်တဲ့ အရေပြားနဲ့ ဆံပင်ပျက်စီးခြင်းက ကာကွယ်ပေးပါတယ်။ သဘာဝဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ဆံပင်သန်စွမ်းမှုကို အထောက်အကူပြုပါတယ်။

ဟင်းသီးဟင်းရွက်မှာ ပါဝင်တဲ့ ဗီတာမင် ဒီ နဲ့ ဘီ ၁၂ တွေက အရေပြားဆဲလ် ကြီးထွားမှု၊ပြန်လည်ထူထောင်မှုနှင့် ဇီဝဖြစ်စဥ်တွေကို ကူညီပေးတဲ့အပြင် အိုမင်းရင့်ရော်ခြင်းလက္ခဏာရပ်တွေကိုနှေးကွေးစေပါတယ်။ ဝက်ခြံနဲ့ အသားရေခြောက်သွေ့ခြင်းကိုလည်း ဟန့်တားပေးပါတယ်။ ဒါ့အပြင် ဆံပင်ပါးခြင်းကို ကာကွယ်ပေးရင်း ဆံသားဆဲလ်အသစ်တွေ ကြီးထွားမှုကို လှုံ့ဆော်ပေးပါတယ်။ ဖြည့်စွက်အားဆေးတွေထက် ဟင်းသီးဟင်းရွက်တွေမှာ သဘာဝအလျောက်ပါဝင်တဲ့ ဗီတာမင် ဘီ ၁၂ နဲ့ သဘာဝအလျောက်ရရှိတဲ့ ဗီတာမင် ဒီ ၃ တို့ကို စားသုံးပေးဖို့ အကြံပြုချင်ပါတယ်။

Omega 3 fatty acids တွေက အသားးရေရဲ့အဆီထုတ်လုပ်မှုကို ထိန်းညှိပေးပြီး ညီညွှတ်မျှတတဲ့ ရေဓာတ်ကို မြှင့်တင်ပေးပါတယ်။ ဦးရေပြားက သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပြီး ဆံပင်သန်စွမ်းမှုကိုလည်း တွန်းအားပေးပါတယ်။ Sesbania Agathi အရွက်တွေက ပြုလုပ်ထားတဲ့ သဘာဝ ဘိုင်အိုတင် (bioti) ကကျန်းမာတဲ့ အသားအရေနဲ့ ဆံပင်ကို ထိန်းသိမ်းရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် အထက်မှာဖော်ပြထားတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ အောက်မှာဖော်ပြထားတဲ့ လတ်ဆတ်တဲ့သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆန်တွေလို ဆန့်ကျင်ဓာတ်တိုး အပင်အခြေခံအစားအစာတွေက စားသုံးဖို့ အရေးကြီးပါတယ်။

ကိုက်လန်၊ မုန့်ညင်း၊ ဟင်းနုနွယ်ရွက်လို အစိမ်းရောင်အရွက်တွေ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီ၊ လိမ္မော်သီးလို လတ်ဆတ်တဲ့ အသီးအနှံတွေ၊ သစ်ကြားသီး၊ အယ်လ်မွန်စေ့လို အခွံမာသီးတွေ၊ သံလွင်ဆီလို အပင်အခြေခံအဆီတွေ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီပွင့်လို အခြားဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။ အပင်ကရရှိတဲ့ ပရိုတိန်းက အသားရေနဲ့ ဆံပင်အတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် သင့်ရဲ့အိပ်စက်ခြင်းစက်ဝန်းကို ကောင်းစွာထိန်းညှိပေးခြင်းဖြင့် အရေပြားနဲ့ ဆံပင်ကျန်းမာရေးကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေပါတယ်။