မေလ ၇ ရက်နေ့မှုခင်းသတင်းများ

-မေလ ၆ ရက် ၀၉၀၀ နာရီတွင် ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းစကျေးရွာနေ ဦးတင်မိုးဝင်း(၃၄)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ကျား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးတင်မိုးဝင်းတွင် ဦးခေါင်း၊ ဝဲ/ယာလက်မောင်း၊ လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရှိရ။

-မေလ ၆ ရက် ၀၆၄၀ နာရီတွင် ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်ရှိ အထက(၁)ကျောင်းရှေ့သို့ အကြမ်းဖက်သမား PDF ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီ လက်ပစ်ဗုံး ၁ လုံး ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ လက်ပစ်ဗုံးမှာ ကျောင်းရှေ့အုတ်တံတိုင်းဘေး၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦ ထိခိုက်မှု မရှိကြောင်း သိရှိရ။