ရဲတပ်ဖွဲ့ဝင်များထံမှ သေနတ်လုယက် ထွက်ပြေးနေသည့်အချုပ်သား ၆ ဦးအား သတင်းပေးရန် ကြေညာ

ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံများအား လိုက်လံဖမ်းဆီးရာ တပ်ကုန်းမြိုနယ် သဲဖြူကျေးရွာနှင့် ရွှေစုကျေးရွာကြား ပြောင်းခင်းအရောက်၌ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အမှုမှ တရားခံထောင်ဝင်အမှတ် ၂၃/၀၀၂၄၀/က ဇင်ကိုလတ်(ခ)ငလတ် (၁၉) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ) အမှုမှတရားခံ ထောင်ဝင်အမှတ် ၂၂/၀၁၆၇၄/က ပြည့်ဖြိုး(ခ)ကိုဖြိုးတို ၂ ဦးအား လုံးထွေး ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၉၂ တရားခံ ထောင်ဝင်အမှတ် ၂၁/၀၀၄၄၈/က ဖြိုးဝေမိုး(ခ) ကိုဖြိုး(၁၉)နှစ်အား လခရအဖွဲမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဝဲရင်အုံ ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်ဖြင့် အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်တွင် ဒဏ်ရာရရဲတပ်ဖွဲဝင်အား အဆိုပါအချုပ်ယာဉ်ဖြင့် ဆရက(၂/၁၀၀၀)သို ပိုဆောင်ခဲ့ပြီး လုံခြုံရေးပူးပေါင်းအဖွဲသည် ပြန်လည်ဖမ်းဆီးရမိတရားခံ ဇင်ကိုလတ်(ခ)ငလတ်နှင့် ပြည့်ဖြိုး(ခ)ကိုဖြိုးတို ၂ ဦးနှင့် ထွက်ပြေးလွတ်မြောက်မှု မရှိသည့် အချုပ်တရားခံ ၁၁ ဦး(ကျား ၉၊ မ ၂)တိုအား မမစ(တပ်ကုန်း)တွင် ခေတ္တချုပ်နှောင်ထားရှိပြီး အသေဖမ်းဆီးရမိ တရားခံအလောင်း ၁ လောင်းအား တပ်ကုန်းမြိုနယ်ပြည်သူ့ဆေးရုံသို ပို့ဆောင်ထားတယ်လို့ သတင်းရရှိပါတယ်။

ပုံစာ။ ထွက်ပြေးလွတ်မြောက်နေသည့် အချုပ်တရားခံ ၆ ဦးကို တွေ့ရစဥ်