တနင်္သာရီတိုင်းက PDFများ ထိခိုက်ကျဆုံးမှုများပြား

ယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီနှင့် ပုလောမြို့ အနီးဝန်းကျင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် PDF များ ထိခိုက်ကျဆုံးမှု များပြားပြီး လက်နက်ခဲယမ်းနှင့် ဆေးဝါးများ ပြတ်လပ်လျက်ရှိကြောင်း သိရပါတယ်။

မေလ ၂ ရက်နေ့ ပုလောမြို့နယ် ထမင်းမစားကျေးရွာအနီး လုံခြုံရေးတပ်ဖွဲဝင်များ နယ်မြေရှင်းလင်းစဉ် PDF ၁၅ ဦးခန့်နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၂ ဦးသေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

အလားတူ မေလ ၃ ရက်နေ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ တနင်္သာရီမြို့အနီး အခြေပြုနေသော PDF များအား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ PDF အလောင်း ၃ လောင်း၊ ကိုးလုံးကျည်ပစ်သေနတ် ၂ လက်၊ ကျည် ၁၆ တောင့် သိမ်းဆည်းရရှိခဲ့ပြီး PDF အများအပြား ဒဏ်ရာရရှိဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

ဖြစ်စဉ်များတွင် မိမိဘက်မှ ထိခိုက်မှုမရှိဘဲ တနင်္ဿာရီမြို့ဝန်းကျင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းလျက်ရှိကြောင်း သိရပါတယ်။