မေလ ၂၄ ရက်နေ့ ည ၈ နာရီခွဲလောက်ကနေစပြီး ည ၁၁ နာရီကျော်ထိ ဒီမော့ဆိုမြိုရဲ့ အနောက်ဘက် ဒေါတဝီတဝိုက်မှာရှိတဲ့ KNDF စခန်းတွေကို တပ်တော်လေတပ်တွေက Air Strike ပြုလုပ်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် KNDF ဘက်ကတော့ (၇)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို ထုတ်ပြန်ခဲ့ပေမယ့် အတိအကျရရှိတဲ့ မြေပြင်သတင်းတွေအရ KNDF ရင်း ၆ မှ ၉ ဦး သေဆုံး၊ ဒဏ်ရာရ ၁၄ ဦး၊ လွိင်ကော် PDF အဖွဲမှ ၇ ဦး သေဆုံး၊ ဒဏ်ရာရ ၁၁ ဦးရှိပြီး ကား ၃ စီး အပါအဝင် စခန်းပေါ်ရှိ အဆောက်အဦးများ အားလုံး ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။
သေဆုံးသူများအနက် ကယန်းလူမျိုး ခရစ်ယာန်ဘာသာဝင်တွေကို ဂူသွင်း သဂြိုလ်ကာ ဗမာ PDF များကို ကျင်းတစ်ခုထဲတွင် စုပေါင်း မြှုပ်နှံပေးခဲ့ပြီး အသုဘ အခမ်းအနားများ ပြုလုပ်နေချိန်မှာ လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခံခဲ့ရကြောင်း ဒေါတဝီ ရွာသားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/05/photo_2023-05-25_13-36-07.jpg?resize=480%2C853&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/05/photo_2023-05-25_13-36-11.jpg?resize=480%2C965&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/05/photo_2023-05-25_13-36-20.jpg?resize=640%2C967&ssl=1)