ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂) နှစ်ပြည့် ဂုဏ်ပြုထောက်ခံပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ (၂၅) ရပ်ကွက်၊ ကတန်ကျွန်းလမ်းနှင့်လောင်းလုံလမ်းထောင့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂) နှစ်ပြည့် အောင်ပွဲအထိမ်းအမှတ်ဂုဏ်ပြုထောက်ခံပွဲအား ကျင်းပပြုလုပ်ရန်ပြည်သူများမှ မော်တော်ယာဉ် ၇ စီးဖြင့်စတင်စုဝေးထွက်ခွာပြီး ဒဂုံတောင်မြို့နယ် အမှတ် (၂၆) ရပ်ကွက် အမျိုးသားယာဉ်ကျေးမူနှင့်အနုပညာတက္ကသိုလ်အနီး ပြည်ထောင်စုလမ်းမပေါ်၌ စုရပ်ပြုလုပ်ပြီး ထောက်ခံပွဲအားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။