ရှေ့တန်းရောက်တပ်မတော်သားများအတွက် ပြည်သူ့မေတ္တာများ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဘာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ၊ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မတ်လ ၂၆ ရက်တွင် လာရောက်ပေးအပ်ခဲ့ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြကြောင်းသိရပါတယ်။