မေလ ၉ ရက်နေ့ တိုက်ပွဲသတင်းများ

မေလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥

ကချင်ပြည်နယ်

မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားစစ်ဆေးရေးဂိတ်နဲ့ မိုင်းနားပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌ လုံခြုံရေးဆောင်ရွက်စဉ် KIA နှင့် PDF ပူးပေါင်းအင်အား ၁၅ ဦးခန့်က လာရောက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

ရဲတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့။

မိုးမောက်မြို့ နယ်မြေခံတပ်ရင်းဌာနချုပ်ကို KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၄၀၀ ဦးခန့်က ဒရုန်း ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

မိမိထိခိုက်မှုမရှိဘဲ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိ။

ကရင်ပြည်နယ်

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အနန်းကွင်းစခန်းသို့ KNLA တပ်မဟာ(၆) ၊ ရင်း(၁၆) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

ဆုတ်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက်များ နောက်သို့ ရှင်းလင်းရာ ရန်သူ ၁ လောင်း၊ အမ်(၇၉) ၁ လက်၊ RPG ၁ လက် သိမ်းဆည်းရမိခဲ့။

ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ကွင်းကလေးကျေးရွာအနောက်ဘက်သို့အရောက် KKO(ခွဲထွက်)နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

မိုးကာတဲ ၂ လုံး၊ ပစ်ကျင်း ၆၂ ကျင်း၊ သစ်လုံးဘန်ကာ ၁ လုံး၊ လက်လုပ်မိုင်း ၁၄ လုံး၊ ကျည် ၃၀၀ တောင့်သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း

ကလေးမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် သာယာကုန်းကျေးရွာအနီးသို့အရောက် နေရာ ၂ နေရာမှ အကြမ်းဖက်ပူးပေါင်းအင်အား ၈၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

အကြမ်းဖက် ၁ လောင်း၊ KA ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့။

PDF များကို ရွံမုန်းနေတဲ့ ပြည်သူများ၏ သတင်းပေးချက်အရ မုံရွာမြို့နယ် ဇလုပ်ကျေးရွာအနီး PDF များ ခိုအောင်းနေသော နေရာတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်နယ်မြေရှင်းလင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားပြီး PDF များ ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆွဲခေါ်ပြီး မြောက်ဘက်သို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့။

တိုက်ပွဲဖြစ်ပွားရာနေရာအား ဆက်လက်ရှင်းလင်းစဉ်-
-ကျည်ကာဦးထုပ် ၁၂ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ ဝါယာကြိုး ၂ ခွေ၊ ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁၀ စီး သိမ်းဆည်းရမိခဲ့။

မန္တလေးတိုင်း

မြင်းခြံမြို့နယ် ဆီးမီးခုံရွာအနီး ဆုံရွာကျေးရွာ၌ ပြည်သူ့စစ်များ လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၂ နေရာမှ PDF အကြမ်းဖက် ၃၀ ဦးခန့်က Drone ဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး/ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ပြီး ကျေးရွာအတွင်းရှိ လူနေအိမ် ၅၀ လုံးအား မီးရှို့ကာ ဆုတ်ခွာထွက်ပြေးသွားခဲ့။

PDF အကြမ်းဖက်အဖွဲ့သည် နေအိမ်များ မီးရှို့ဖျက်ဆီးသည့်အပြင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စိုးရိမ်ကြောင့်လန့်​မှုကြောင့် ပုန်းအောင်းနေသော အပြစ်မဲ့ရွာသူရွာသားများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် ကျား ၁၇ ဦး၊ မ ၁၅ ဦး၊ ပေါင်း ၃၂ ဦး သေဆုံး၍ ကျား ၅ ဦး၊ မ ၉ ဦး၊ ပေါင်း ၁၄ ဦး ဒဏ်ရာရရှိခဲ့။

ဒဏ်ရာရသူများ၏ ထုတ်ဖော်ပြောဆိုချက်များအရ နွားထိုးကြီး စိုးအောင် ဦးစီး PDF အဖွဲ့က ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် ဆုံရွာအား ပျူစောထီးရွာဟု သတ်မှတ်ပြီး လူနေအိမ်များ မီးရှို့ကာ အပြစ်မဲ့ ရွာသူရွာသား ကလေး၊ လူကြီး မိန်းမများပါမကျန် တွေ့သည့်လူများအား ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၃၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရ။ #Crd