ယခုဘဏ္ဍာနှစ် ပြည်ပသို့ ရော်ဘာတင်ပို့မှု တရုတ်နိုင်ငံအား အများဆုံးတင်ပို့နိုင်ခဲ့

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လက်ရှိအချိန်ထိ ပြည်ပသို့ ရော်ဘာတန်ချိန် နှစ်သိန်းခွဲကျော် တင်ပို့ထားရာ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားတယ်လို့ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူတွေဆီက သိရပါတယ်။

ရော်ဘာကို တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေကိုလည်း တင်ပို့ထားတယ်လို့ သိရပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းထိ တင်ပို့ဖို့ ရည်မှန်းထားပြီး လက်ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကပါတင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ ရော်ဘာစိုက်ဧကပေါင်း တစ်သန်းကျော်ရှိပြီး တန်ချိန် လေးသိန်းနီးပါးခန့် ထုတ်လုပ်နိုင်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။