မိုက်ကယ်ဂျက်ဆင်ရဲ့ အတ္တုပတ္တိ ရုပ်ရှင်မှာ သူ့ရဲ့ တူ ပါဝင် သရုပ်ဆောင်မယ်

Michaelလို့ နာမည်ပေးထားတဲ့ ကွယ်လွန်သွားပြီး ဖြစ်တဲ့ ပေါ့ပ် အဆိုတော် မိုက်ကယ် ဂျက်ဆင်ရဲ့ အတ္တုပ္ပတ္တိ ရုပ်ရှင်မှာ သူ့ရဲ့ အသက် ၂၆နှစ်အရွယ် တူ‌တော်မောင် ဂျာဖာ ဂျက်ဆင် ပါဝင် သရုပ်ဆောင်မယ်လို့ Lionsgate studioက ဇန်နဝါရီ ၃၀ရက်က ပြောကြားပါတယ်။

Michaelရုပ်ရှင်မှာ ပေါ့ပ်ဂီတ ဘုရင် ဖြစ်လာခဲ့တဲ့ ရှုပ်ထွေးသူ တစ်ယောက် အကြောင်းကို ပုံဖော်ပြသသွားမှာ ဖြစ်တယ်လို့ Lionsgate studioက ကြေညာချက်တစ်ရပ်မှာ ဖော်ပြကြားပါတယ်။