မင်းသမီး ပရီရန်ကာ ချိုပရာနဲ့ နစ်ဂျိုးနက်စ်တို့ရဲ့ သမီးလေးကိုပထမဆုံး လူမြင်ကွင်းရှေ့ထွက်ပြ

လော့အန်းဂျလိစ်က ဟောလီးဝုဒ်ကျော်ကြားမှု အထိမ်းအမှတ်လျှောက်လမ်း ( The Hollywood Walk of Fame )မှာ ကြယ်ပွင့်ဂုဏ်ပြုခြင်း လက်ခံယူခဲ့တဲ့ The Jonas Brothers တို့ကို ဂုဏ်ပြု တဲ့ပွဲမှာ အဆို တော် နစ်ဂျိုးနက်စ်နဲ့ ဇနီးသည် ပရီရန်ကာ ချိုပရာတို့ရဲ့ သမီးလေးကို ပထမဆုံး အကြိမ်လူမြင်ကွင်း ရှေ့ထွက် ပြခဲ့တယ်လို့ သိရပါတယ်။

အဆိုတော် The Jonas Brothers တို့က သူတို့တွေရဲ့ ဇနီးသည်တွေနဲ့ သားသမီးတွေ ကြည့်ရှုအား ပေးခဲ့ကြတဲ့ The Hollywood Walk of Fame မှာ ကြယ်ပွင့် ဂုဏ်ပြု မှတ်တမ်းတွေလက်ခံရ ရှိခဲ့စဉ် လက်ခုပ်သြဘာသံတွေနဲ့ အားပေးမှုတွေလည်း အပြည့်အဝရ ခဲ့ကြပါတယ်။