ကမ္ဘောဇလေကြောင်းလိုင်းကို မင်္ဂလာလေကြောင်းလိုင်းအမည် သို့ ပြောင်းလဲပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပြု

ကမ္ဘောဇလေကြောင်း လိုင်းAir KBZ ကို မင်္ဂလာလေကြောင်းလိုင်းအမည် သို့ ပြောင်းလဲကာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း အဆိုပါလေကြောင်းလိုင်းကနေသိရပါတယ်။

၂၀၂၃ခုနှစ် သြဂုတ်လ ၃၀ရက် ၊ ရက်စွဲနဲ့ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်း များဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဆ)အရ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းကို မင်္ဂလာလေ ကြောင်းဝန်ဆောင်မှုကုမ္ပဏီလီမိတက်(MINGALAR AVIATION SERVICES Co.,Ltd) အားသက်ဆိုင်ရာဌာနက လုပ်ကိုင်ဆောင်ရွက်ခွင့်ပြု လိုက်တယ်လို့သိရပါတယ်။

ယခင်ကမ္ဘောဇလေကြောင်း လိုင်းAir KBZ ကိုလည်း၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁ဝဝ/၂ဝ၁ဝ ကို ယခုအမိန့် ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း လေကြောင်းလိုင်းရဲ့ အမည်ပြောင်းလဲရာမှာ KBZလေကြောင်းအမည်ကိုရုပ်သိမ်းခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့သော ၂ဝ၁ဝ ပြည့်နှစ်က Air KBZ လေကြောင်းလိုင်းအမည်ဖြင့် ချပေးထားတဲ့ လိုင်စင်ကို ဖျက်သိမ်းကာ မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် လိုင်စင်အား အသစ်ပြန်လည်ချထားပေးခြင်းလည်းဖြစ်တယ်လို့သိရပါတယ်။

Air KBZ လေကြောင်းလိုင်းအနေနဲ့ ၂ဝ၁၁ ခုနှစ်အတွင်းမှာ ခရီးစဉ်တွေကိုစတင်ပျံသန်းပြေးဆွဲခဲ့ပြီး ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို (၁ဝ)စင်း ထက်မနည်းရှိသော လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရှိရပါတယ်။