အာဖဂန်အနောက်မြောက်ပိုင်းမှာ ပြင်းအား ၅ ဒသမ ၆ ရှိငလျင်လှုပ်ခတ်ခဲ့

အာဖဂန်နစ္စတန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ အောက်တိုဘာ ၇ ရက်၊ ဒီကနေ့ ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၆ ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားခဲ့တယ်လို့ ဂျာမနီဘူမိသိပ္ပံဌာနက ပြောပါတယ်။

အဲဒီငလျင်ဟာ ကနဦးမှာ ရစ်ခ်ျတာစကေး ၆ ဒသမ ၂ ကနေ အဆင့်လျော့ကျသွားတာဖြစ်ပြီး မြေအောက် အနက် ၁၀ ကီလိုမီတာ (၆ ဒသမ ၂၁ မိုင်) ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်ကြောင်း ဂျာမနီဘူမိသိပ္ပံဌာနက ဆက်ပြောပါတယ်။ ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ငလျင်ရဲ့ဗဟိုချက်ဟာ အာဖဂန်နစ္စတန်ပြည်တွင်း၊ ဟီရတ်မြို့အနီးဖြစ်ကြောင်း အိန္ဒိယတူဒေးသတင်းအရ သိရပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း ဖေဇာဘတ်မြို့မှာလည်း ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် အစောပိုင်းကလည်း အလားတူ ပြင်းအား ၄ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဗြိတိန်ထုတ် The Independent သတင်းစာက ရေးသားဖော်ပြထားပါတယ်။