တရုတ် မောင်းသူမဲ့ ခရီးသည်တင်လေယာဉ် စပိန်တွင် စတင်ပျံသန်း

တရုတ်နိုင်ငံ EHang ကုမ္ပဏီမှ ထုတ်လုပ်သော လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ခရီးသည်တင်လေယာဉ်အား စပိန်နိုင်ငံ Lleida-Alguaire အပြည်ပြည်ဆိုင်ရာလေဆိပ်ပထမဆုံး စတင်ပျံသန်းခြင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကပြုလုပ်ခဲ့ပြီး ဥရောပတွင် ပထမဆုံးသော ဥရောပ မြို့ ပြလေကြောင်းပျံသန်းရေးစင်တာကိုပါ ဖွင့်လှစ်ခဲ့သည်။

EHang မှထုတ်လုပ်သော EH216-S ခရီးသည်တင် မောင်းသူမဲ့လေယာဉ်အတွက် လေကြောင်းပျံသန်းခွင့်လက်မှတ်ကို တရုတ်နိုင်ငံမြိုပြလေကြောင်းစီမံခန့်ခွဲရေးဦးစီးဌာန(CACC)က တရားဝင်ထုတ်ပေးထားပြီး၊ ယင်းလေယာဉ်သည် ဥရောပတွင် အခကြေးငွေယူ၍ ခရီးသည်များကို ဝန်ဆောင်မှုပေးသော ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ခရီးသည်တင်လေယာဉ်ဖြစ်လာခဲ့သည်။