ယူကရိန်းမှာ ရုရှားက သာမိုဘဲရစ်ဗုံး အသုံးပြုတိုက်ခိုက်

ယူကရိန်းစစ်ပွဲအတွင်း ရန်သူအများအပြားကို တိုက်ခိုက်ဖို့အတွက် မကြာသေးခင်က “လေဟာနယ်ဗုံး” ခေါ် သာမိုဘဲရစ်ဗုံးကို အသုံးပြုခဲ့ကြောင်း ရုရှားအစိုးရက ကြေညာလိုက်ပါတယ်။

လေဟာနယ်ဗုံး၊ သာမိုဘဲရစ်ဗုံး၊ volumetric detonation bomb လို့ခေါ်တဲ့ အဲဒီဗုံးဟာ လေထုထဲက အောက် ဆီဂျင်နဲ့ လောင်စာပေါင်းစပ်ခြင်းကနေတဆင့် အဖျက်စွမ်းအားကြီးမားတဲ့ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေတဲ့ ဗုံးလို့ ဆိုပါတယ်။ အဲဒီဗုံးကို ပြုလုပ်ရာမှာ လောင်စာ ၁၀၀ ရာခိုင်နှုန်းအပြည့်အဝနီးပါး ထည့်သွင်းထားတဲ့အတွက် အဲဒီဗုံးဟာ သမ ရိုးကျဗုံးတွေထက် ပေါက်ကွဲအားပိုမိုပြင်းထန်တယ်လို့ ဆိုပါတယ်။

သာမိုဘဲရစ်ဗုံးတစ်လုံးကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းတပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင် တပြိုင်တည်း ကျဆုံးသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီဗုံးဟာ အင်အားအလွန်ပြင်းထန်တဲ့အတွက် ပေါက်ကွဲတဲ့အခါ အဆောက်အအုံတွေ ပြိုကျပျက်စီးသွားသလို လူ့ခန္ဓာကိုယ်တွင်းက အင်္ဂါအစိတ်အပိုင်းတွေပါ ပေါက်ကွဲပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။

သာမိုဘဲရစ်ဗုံးနဲ့ တိုက်ခိုက်ခံရချိန်မှာ ထူထဲတဲ့နံရံတွေ/ အကာအရံတွေသာမက လိုဏ်ခေါင်းတွေ/ဂူတွေက တောင် စစ်သားတစ်ဦးကို အကာအကွယ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

သာမိုဘဲရစ်ဗုံးတွေကို ပခုံးထမ်းလောင်ချာတွေထဲမှာထည့်သွင်းပစ်ခတ်နိုင်သလို လေယာဉ်ဗုံးတွေအဖြစ်လည်း အသုံးပြုတိုက်ခိုင်နိုင်ကြောင်းသိရပါတယ်။ #Crd