ယူကရိန်းက အကြမ်းဖက်မှုကို အားပေးတဲ့နိုင်ငံဖြစ်လာပြီလို့ ရုရှားပြော

ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးအရာရှိချုပ် ကီရေးဘူဒါနော့က ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆိုရှိနေတဲ့ ရုရှားနိုင်ငံသားများကို သတ်ဖြတ်သွားမယ်လို့ ကတိပြုကြောင်းပြောဆိုမှုနဲ့ပတ်သက်ပြီး သတင်းထောက်ရဲ့မေးမြန်းမှုကို ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက် စကော့က ယူကရိန်းနိုင်ငံသည် အကြမ်းဖက်မှုကို အားပေးထောက်ပံ့သည့် နိုင်ငံဖြစ်လာပြီကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ကီရေးဘူဒါနော့ရဲ့ပြောဆိုမှုဟာ ယူကရိန်းအနေနဲ့ ရုရှားနိုင်ငံသားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရည်ညွှန်းနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။