ထိုင်ဝမ်၏ပြည်တွင်းလုပ် တန် ၆၀၀ ရှိ ဖရီးဂိတ်စီမံကိန်းက ၅၀ ရာခိုင်နှုန်းပြီးစီးပြီဟုဆို

ကမ်းခြေစောင့်တပ်ဖွဲ့အတွက် တန်ချိန် ၆ဝဝ ရှိ ဖရီးဂိတ်စစ်ရေယာဉ်များကို ပြည်တွင်း၌တည်ဆောက်မည့် ကမ်းခြေစောင့်တပ်ဖွဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ (CGA) သည် မေလ ၁၅ ရက်အထိ ၎င်း၏ရည်မှန်းချက် ၅၀ ရာခိုင်နှုန်းအား အောင်မြင်ခဲ့သည်ဟု OAC အကြီးအကဲ ကွမ်ဘီလင် ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ၎င်း၏တန် ၆၀၀ ရှိ ဆဋ္ဌမမြောက် Anping အတန်းအစား ကမ်းဝေးဖရီးဂိတ်စစ်ရေယာဉ်ဖြစ်သော Ji’an (CG607) နှင့် Jong Shyn Shipbuilding Co. မှတည်ဆောက်သည့်  ၎င်း၏ ၂၅ စီးမြောက် ၃၅ တန်ရှိ ကင်းလှည့်စစ်ရေယာဉ် PP-3512 ကို မေလ ၁၅ ရက်တွင်ရရှိခဲ့ကြောင်း၊ တန်ချိန် ၆၀၀ ရှိသော ဖရီးဂိတ်စစ်ရေယာဉ်သည် အစိုးရရန်ပုံငွေ ထိုင်ဝမ်ဒေါ်လာ ၄၂.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃၈ ဘီလီယံ)ဖြင့် ၂၀၂၇ ခုနှစ်တွင် ကမ်းခြေစောင့်တပ်ဖွဲ့အား တန်ချိန်အမျိုးမျိုးရှိ စစ်ရေယာဉ် ၁၄၁ စီး တည်ဆောက်မည့်စီမံကိန်း၏အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ တန်ချိန် ၆၀၀ ရှိသည့် စစ်ရေယာဉ် ၁၂ စီးအားမှာယူထားပြီး မေလ ၁၅ ရက်က Ji’an ဖရီးဂိတ်ရေယာဉ် လွှဲပြောင်းပေးမှုသည် တန်ချိန် ၆၀၀ ရှိ စစ်ရေယာဉ်များတည်ဆောက်ပေးမှု ၅၀ ရာခိုင်နှုန်းပြီးစီးမှုကိုဆိုလိုခြင်းဖြစ်ကြောင်း သိရှိရပါသည်။

CGA ၏အဆိုအရ Ji’an သည် ရေကြောင်းကယ်ဆယ်ရေးမစ်ရှင်များနှင့် ငါးဖမ်းလှေများကိုစစ်ဆေးခြင်းအပြင် သံသယဖြစ်ဖွယ်ရေယာဉ်များကို မောင်းထုတ် နိုင်စွမ်းရှိကြောင်း၊ ၎င်းတွင်ဒုံးပျံပစ်လွှတ်သည့်စနစ်နှင့် ၂၀ မီလီမီတာ အဝေးထိန်း စက်အမြောက်များတပ်ဆင်ထားကြောင်း၊ ရေယာဉ် ၂ စီးနှင့်အတူ မေလ ၁၅ ရက်တွင် Wanli ဟုအမည်ပေးထားသည့် CGA ၏တန်ချိန် ၆၀၀ ရှိ သတ္တမမြောက် ဖရီးဂိတ် စစ်ရေယာဉ် (CG609) ကို အမည်ပေးအခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Ji’an နှင့် Wanli ဖရီးဂိတ်တို့သည် ကမ်းခြေစောင့်တပ်ဖွဲ့၏ တန်ချိန် ၆၀၀ ရှိ Anping အတန်းအစား ကမ်းဝေးကင်းလှည့်ရေယာဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ရေယာဉ် ၂ စီးစလုံးသည် အကွာအဝေး ၁၂၀ မီတာအထိ ရေပက်နိုင်သည့် ရေအမြောက်များကိုတပ်ဆင်ထားပြီး အမြန်နှုန်းတစ်နာရီလျှင် ရေမိုင် ၄၄ မိုင်အထိ ရောက်ရှိနိုင်ကာ လေတိုက်နှုန်း Force 9 အထိ ခံနိုင်ရည်ရှိကြောင်း CGA က ပြောကြားခဲ့ပါသည်။

Ji’an ဖရီးဂိတ်စစ်ရေယာဉ်သည် ထိုင်ဝမ်၏ပင်လယ်ရေပိုင်နက်အခွင့်အရေးနှင့် ဒေသခံငါးဖမ်းသမားများ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် မကြာမီတွင် ထိုင်ဝမ်အရှေ့ပိုင်းတွင် တပ်စွဲထားမည်ဖြစ်ကြောင်း၊ Wanli စစ်ရေယာဉ်သည် ပို့ဆောင်ရန်အသင့်ဖြစ်ပြီးနောက် မြောက်ပိုင်းရှိရေယာဉ်စုတွင်ပါဝင်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ၃၅ တန်ရှိ ကင်းလှည့်စစ်ရေယာဉ်သစ်သည် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ရေမိုင် ၄၅ မိုင်နှုန်း မောင်းနှင်နိုင်ကာ မီတာ ၆၀ အထိ ရေပက်နိုင်သည့် ရေအမြောက် ၁ လက်တပ်ဆင်ထားကြောင်း သိရှိရပါသည်။