မုန်တိုင်း မိုခါသင့် ဒေသများအတွက် အမေရိကန်မှ ဒေါ်လာ(၂)သိန်း ကနဦးထောက်ပံ့မည်

မုန်တိုင်းမိုခါကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်နှင့်ချင်းဒေသတွင် ဆောင်ရွက်လျက်ရှိတဲ့ ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် အမေရိကန်မှ ကနဦးအနေဖြင့် USAID မှတစ်ဆင့် $ ၂ သိန်း ကနဦးပေးအပ်ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး ထုတ်ပြန်ချက်အရသိရှိရပါတယ်။

ယခုအသစ်ထပ်မံထောက်ပံ့မှုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်း ကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပစ္စည်းများအတွက်ဖြစ်ကြောင်းသိရပါတယ်။