ပတ်စ်ပို့လျှောက်ထားသူများ Online Booking စနစ် ဆောင်ရွက်နိုင်

နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအနေနဲ့ မန္တလေး၊ ပုသိမ်၊ နေပြည်တော်နဲ့ ပဲခူးရုံးခွဲများမှာ Online ကနေ Booking တင်ပြီး ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါရုံးခွဲများမှာ ဖေဖော်ဝါရီလ ၂၆ ရက်က စပြီးသက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင် ပတ်စ်ပိုလျှောက်ထားမယ့်သူများအတွက် ဖေဖော်ဝါရီလ ၂၅ ရက် မနက် ၉နာရီ အချိန်ကစပြီး Online ကနေ Booking တင်ကာ ရက်ချိန်းရယူဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ထိုသိုရက်ချိန်းရယူရာမှာ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများ မဟုတ်ပါက Booking ရသော်လည်း ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို သိရပါတယ်။

ဒါ့အပြင် Online ကနေ Booking ရရှိပြီးသူများ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို လဝကမှ စိစစ်ထားတဲ့ UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမယ်လို ဖော်ပြထားပါတယ်။

နိုင်ငံကူးလက်မှတ်များကို ပုံမှန် လုပ်ငန်းစဉ်အတိုင်း စိစစ်ဆောင်ရွက်ပေးနေကာ ရန်ကုန်ရုံးမှာ Online Booking တင်ပြီး QR စနစ်ဖြင့် ၂,၇၀၀ ဦးနှုန်း ဆောင်ရွက်ပေးနေတယ်လို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။