နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကိုထုတ်ပြန်

ရက်ပေါင်း ၆၀ အတွင်း ရွေး/ကော်ထံ ပြန်လည်မှတ်ပုံတင်ခြင်းမရှိတဲ့ နိုင်ငံရေးပါတီတွေ အလိုအလျောက်ပျက်ပြယ်မည်ဟု ဥပဒေမှာဖော်ပြနစက က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး ဥပဒေပြဌာန်းသည့်နေ့မှစလို့ ရက်ပေါင်း(၆၀)အတွင်း ရွေး/ကော်ထံ ပြန်လည်မှတ်ပုံတင်ခြင်းမရှိတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အလို အလျောက်နိုင်ငံရေးပါတီအဖြစ်မှ ပျက်ပြယ်မှာဖြစ်တယ်လို့ အဲ့ဒီဥပဒေမှာဖော်ပြထားပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀)အရ တည်ရှိနေသောနိုင်ငံရေးပါတီတွေဟာ ထိုဥပဒေအရ နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်လိုပါက ဥပဒေပြဌာန်းသည့်နေ့မှစလို့ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ဥပဒေနှင့်အညီပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။ယင်းသို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်တယ်လို့ မှတ်ယူမည်ဟု ဖော်ပြပါရှိလာတာပါ။

ဒါ့အပြင် ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုတဲ့ရက်မှစလို့ ရက်ပေါင်း(၉၀)အတွင်းပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ကိုစည်းရုံးရမှာဖြစ်သလို ဝန်ခံချက်(သို့မဟုတ်)တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့ခွင့်ပြုတဲ့နေ့ရက်မှစလို့ ရက်ပေါင်း(၉၀)အတွင်းပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ ကိုစည်းရုံးရမှာဖြစ်တယ်လို့ ဥပဒေက ဆိုပါတယ်။

အဲ့ဒီအချက်အလက်တွေအပြင် ပြည်ထောင်စုတစ်ဝန်းမှာစည်းရုံးမယ့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀၀ ထောင်ကိုလည်းကောင်း၊တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အတွင်းမှာစည်းရုံးမယ့်ပါတီဖြစ်ပါက ကျပ်သိန်း ၁၀၀ ကိုလည်းကောင်း၊မြန်မာ့စီးပွားရေးဘဏ်မှာငွေစာရင်းဖွင့်ပြီးကြောင်း အထောက်အထားပြနိုင်ရမယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။

နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်လျှောက်ထားခွင့်မရှိတဲ့ပါတီတွေအနေနဲ့တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းဖြစ်လည်းကောင်း၊အကြမ်းဖက်အဖွဲ့အစည်းအဖြစ်လည်းကောင်း ကြေညာခြင်းခံရသောအဖွဲ့အစည်း နိုင်ငံတော်အားလက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းစာရင်းဝင်(သို့မဟုတ်)အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်နေသည်ဟု နိုင်ငံတော်ကသတ်မှတ်ထားသော အဖွဲ့အစည်းဝင်နဲ့ပုဂ္ဂိုလ်များ(သို့မဟုတ်)တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ်ကြေညာခြင်းခံရသောအဖွဲ့အစည်းဝင်(သို့မဟုတ်)ယင်းအဖွဲ့အစည်းဝင်များနဲ့ တိုက်ရိုက်ဖြစ်စေ၊သွယ်၀ိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း(သို့မဟုတ်)အားပေးကူညီခြင်းပြုသည့်အဖွဲ့အစည်းဝင်မဟုတ်ခြင်း နိုင်ငံခြားသား(သိုမဟုတ်)နိုင်ငံသားအဖြစ်ခံယူထားသူအခြားနိုင်ငံရေးပါတီဝင်ထားသူများမဖြစ်စေရဟု နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြထားပါတယ်။