စင်္ကာပူနိုင်ငံကအပန်းဖြေစခန်းမှာ တံတား အခေါင်းပေါက်ထဲကို နှစ်နှစ်အရွယ် သမီးနဲ့ ဖခင်ဖြစ်သူ ပြုတ်ကျ

စင်ကာပူနိုင်ငံရဲ့ နာမည်ကျော် ဆွန်ငိုင်ဘူးလော့ခ် အပန်းဖြေစခန်းရှိ တံတား အခေါင်းပေါက်ထဲကို မိုးသည်းထန်နေချိန်မှာ နှစ်နှစ်အရွယ် သမီးလေးနဲ့ ဖခင်ဖြစ်သူတို့ ပြုတ်ကျသွားတာကြောင့် အစိတ်အပိုင်းတွေကို ယာယီ ပိတ်ထားဖို့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီနေရာမှာ ရှိတဲ့ တံတားတစ်ခုရဲ့ တွင်းခေါင်းပေါက်ထဲကို သားအဖနှစ်ယောက် ပြုတ်ကျခဲ့တာ ဖြစ်ပြီး ရေကြီးရေလျှံမှု ဖြစ်လာရင် အပန်းဖြေစခန်းရဲ့ အစိတ်အပိုင်းတွကို ပိတ်ထားမှာ ဖြစ်တယ်လို့ စင်ကာပူ အမျိုးသား ဥယျာဉ်များ ဘုတ်အဖွဲ့က ပြောကြားပါတယ်။

သားအဖနှစ်ယောက် ပြုတ်ကျမှု ဖြစ်ပြီးနောက် အဲ့ဒီနေရာကို ပိတ်ထားခဲ့ပြီး ရေကျသွားချိန်မှာ တွင်းခေါင်းပေါက်ကိုလည်း ပိတ်ထားလိုက်ပြီလို့ စင်ကာပူ အရာရှိတွေက ပြောကြားပါတယ်။

လောလောဆယ်မှာ ရေမျက်နှာပြင် အမြင့်ကို စောင့်ကြည့်နေပြီး ရေလွှမ်းမိုးနိုင်ခြေရှိတဲ့ အပိုင်းတွေကို ယာယီ ပိတ်ထားမှာ ဖြစ်တယ်လို့ အရာရှိတွေက ပြောကြားပါတယ်။