Nord Stream ပိုက်လိုင်းများကို အမေရိကန်တို့ဖောက်ခွဲကြောင်း ဝန်ခံ

ရုရှားနိုင်ငံမှ ဂျာမနီနိုင်ငံသို့ သဘာဝဓာတ်ငွေ့ပေးပို့နေသည့် Nord Stream ပိုက်လိုင်းများကို အမေရိကန်နိုင်ငံက ဖောက်ခွဲခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက အခြေခံအားဖြင့်ဝန်ခံနေသည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က ပြောသည်။

အမေရိကန်နိုင်ငံသည်  ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော် သို့မဟုတ် ၃၀ ကျော်ကာလအတွင်း အလွန်ကောင်းမွန်ခဲ့သော ရုရှားနှင့်ဂျာမနီတို့ကြား  ဆက်ဆံရေးကိုဖျက်ဆီးရန် ဆုံးဖြတ်ထားတယ်လို့လည်းပြောပါတယ်။

ရုရှား၏စွမ်းအင်သယံဇာတများနှင့် ဂျာမနီ၏နည်းပညာတို့အပေါ်အခြေခံသည့် အင်အားကြီးမားလှသော မိတ်ဖက်ဆက်ဆံရေးသည် နေရာတကာတွင်လက်ဝါးကြီးအုပ်ထားသော အမေရိကန်ကုမ္ပဏီများအပေါ် ခြိမ်းခြောက်မှုဖြစ်လာသည့်အတွက် ထိုဆက်ဆံရေးကိုဖျက်ဆီးရန် အမေရိကန်ကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆာဂျီလက်ရော့ကဆက်ပြောသည်။

အမေရိကန်တို့ ရယ်မောပျော်ရွှင်စွာပြောနေခြင်းက ပိုက်လိုင်းများကိုဖောက်ခွဲဖျက်ဆီးသူများဖြစ်သည်ဟု အခြေခံအားဖြင့် ဝန်ခံနေခြင်း ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးကဆိုသည်။

အမေရိကန်နိုင်ငံရေးဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနျူလန်း၏ ဇန်နဝါရီလနှောင်းပိုင်းတွင် လွှတ်တော်သို့ ဝန်ခံပြောဆိုမှုအပေါ် ဆာဂျီလက်ရော့က ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။

အခုအချိန်မှာ Nord Stream 2 ပိုက်လိုင်းက ပင်လယ်ကြမ်းပြင်အောက်ကို သတ္တုအစိုင်အခဲတစ်ခုအဖြစ် ရောက်သွား တာကိုသိလိုက်ရတဲ့အချိန်မှာ အစိုးရအဖွဲ့အနေနဲ့  ဝမ်းမြောက်ကျေနပ်နေမယ်လို့ ကျွန်မတော့ထင်ပါတယ်ဟု ဗစ်တိုး ရီးယားနျူလန်းက လွှတ်တော်၌ပြောထားသည်။

အမေရိကန်နိုင်ငံမှ ပူလစ်ဇာဆုရသတင်းထောက်တစ်ဦးဖြစ်သည့် ဆေးမာဟာ့က အဆိုပါပိုက်လိုင်းများကို အမေရိကန်စစ်ဘက်က ရည်ရွယ်ချက်ရှိရှိ  မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုပြီးနောက် ဆာဂျီလက်ရော့၏ပြောဆိုချက်  ထွက်ပေါ်လာခြင်း ဖြစ်တယ်လို့သိရပါတယ်။