ဗီယက်နမ်နိုင်ငံ၌ အမျိုးသားနေ့အားလပ်ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၇၆ ဦး သေဆုံး၊ ၉၅ ဦး ဒဏ်ရာရ

ဗီယက်နမ်နိုင်ငံတွင် အမျိုးသားအားလပ်ရက် လေးရက်တာကာလအတွင်း ယာဉ်မတော်တဆမှု ၁၂၅ ခုဖြစ်ပွားမှုကြောင့် လူ ၇၆ ဦး သေဆုံးခဲ့ပြီး အခြား ၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ယာဉ်ထိန်းရဲဌာနက ပြောကြားခဲ့ပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှုများသည် ယခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၄ ရက်အတွင်းဖြစ်ပွားခဲ့မှုများဖြစ်ပြီး လွန်ခဲ့သောနှစ်အလားတူကာလက ယာဉ်မတော်တဆမှု ၄၆ ခုဖြစ်ပွားခဲ့ပြီး ၂၈ ဦး သေဆုံးခဲ့ကြောင်းလည်းသိရပါတယ်။

Crd