ငါန်းဇွန်မှာ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူတွေကိုညှင်းဆဲသတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြိုနယ်၌ စက်တင်ဘာလ ၃ ရက်၊ မနက်ပိုင်းက NUG နဲ့ ပကဖလက်အောက်ခံ PDF အကြမ်းဖက်သမား ၁၅ ဦးသည် ဆိုင်ကယ် ၇ စီးဖြင့် ငါန်းဇွန်မြို့နယ် နဘဲပင်ကျေးရွာသို ရောက်ရှိလာပြီး ကျေးရွာနေအပြစ်မဲ့ပြည်သူများအား ဖမ်းဆီးညှင်းပန်းနှိပ်စက်၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် တောင်သူလုပ်ကိုင်သူများဖြစ်သည့် ဦးအောင်ခိုင် (၄၅)နှစ်၊ ဦးဝင်းချို (၄၅)နှစ်၊ ဦးမြိုဇော်ဦး (၄၇)နှစ်၊ ဦးညွန့်ပြည့် (၃၃)နှစ်နှင့် ဒေါ်နုနုဝင်း (၅၂)နှစ်တို့မှာ သေဆုံးခဲ့ရပြီး အသက် ၉ နှစ်အရွယ် မသဲနုခိုင်နှင့် အသက် ၁၃ နှစ်အရွယ် မသဲနုမွန်တို့ ညီအစ်မနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။