ဘဏ္ဍာရေး အဆင်မပြေတာကြောင့် ကယ်လီဖိုးနီးယားတက္ကသိုလ်ကို လာမယ့်နှစ်မှာ ပိတ်သိမ်းတော့မယ်

ဒီဇင်ဘာ ၂၀ရက်က ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအတွင်း ဘဏ္ဍာရေး အခက်ကြုံတာ၊ လုပ်ငန်းလည်ပတ်မှု စရိတ်
မြင့်တက်လာတာနဲ့ ကျောင်းသားသစ် လက်ခံရမှု လျော့နည်းလာတာ တို့ကြောင့် လာမယ့်နှစ်မှာ ပိတ်ထားဖို့
စီစဉ်ထားတယ်လို့ သက်တမ်း ၁၅၄နှစ်ရှိပြီဖြစ်တဲ့ မြောက်ကယ်လီဖိုးနီးယား တက္ကသိုလ်က ပြောကြားပါတယ်။
၁၈၆၈ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ အော့ကလန်းမြို့ရှိ Holy Namesတက္ကသိုလ်က နွေဦးကာလ ပညာသင်နှစ်ပြီးဆုံးပြီး
နောက် ၂၀၂၃ မတ်လမှာ လုပ်ငန်းအားလုံးကို ပိတ်ထားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။