ပဲရစ်မြို့တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူသုံးဦးသေ၊ သုံးဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့ နေ့လည် ၁၂ နာရီခန့်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကာ့ဒ်ယဉ်ကျေးမှုစင်တာတစ်ခုတွင် သေနတ်သမားတစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် လူ ၃ဦး
ထက်မနည်းသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြင်သစ်မြိုတော်၏ လူစည်ကားသော ၁၀ ခုမြောက် စီရင်စုရှိ အန်ဟီယန် လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ ၃ ဦးစလုံးမှာ ကာ့ဒ်လူမျိုးမှာ ဖြစ်သည်ဟု ကာ့ဒ်ယာဉ်ကျေးမှုစင်တာ၏ ရှေ့နေ့က ရိုက်တာသတင်းဌာနသို့
ပြောခဲ့သည်။ သေဆုံးသူများအပြင် အခြားလူသုံးဦး ဒဏ်ရရှိခဲ့ပြီး ၎င်းတိုအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ
တယ်လို့ သိရှိရပါတယ်။