နျူကလီးယား တင်းမာမှုများ မြင့်တက်လာသော်လည်း မော်စကိုဘက်က အရင်ဆုံးသုံးမှာ မဟုတ်ဘူးဟု ပူတင်ပြော

ရုရှားသမ္မတ ပူတင်က နျူကလီးယားဆိုင်ရာ တင်းမာမှုများ မြင့်တက်လာသော်လည်း ယူကရိန်း အရေးအခင်းအတွင်း မော်စကိုဘက်က ပထမဆုံး စတင်အသုံးပြုလိမ့်မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၇ ရက် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့များသည် အရေးအခင်း စတင်သည့် ဖေဖော်ဝါရီလမှ စတင်၍ ၎င်းတို သတ်မှတ်ထားသည့် အဓိကကျသော ယူကရိန်းနယ်မြေ အများစုကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။
ထိုကြောင့် နိုင်ငံတကာက ရုရှားသည် ထိုကဲ့သိုသော အခြေအနေမှ လွတ်မြောက်ရန်အတွက် နျူလက်နက်များ အားအသုံးပြုလာမည်ကို စိုးရိမ်တယ်လို့ ပြောနေကြတယ်..
“နျူလက်နက် အသုံးပြုရတဲ့အထိ ငါတို မရူးမိုက်သေးပါဘူး၊ နျူလက်နက်သုံးရင် ဘယ်လို ဆိုးကျိုးတွေ ရှိလာမယ်ဆိုတာ သိထားပါတယ်” ဟု ပူတင်က သူ၏ လူ့အခွင့်ရေးကောင်စီ အစည်းအဝေးတွင် ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။
ရုရှားသည် ရန်သူ၏ တိုက်ခိုက်မှုကို တုံပြန်ရန်အတွက်သာ နျူလက်နက်များကို အသုံးပြုမည်ဖြစ်ကြောင်း ပူတင်က ထပ်သွင်း ပြောကြားခဲ့သည်။
“ငါတို့ကို နျူလက်နက်နဲ့ တိုက်ခိုက်ရင် ငါတိုလည်း နျူနဲ့ ပြန်တိုက်မှာပါ၊ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် နျူလက်နက်ကို ကျွန်တော်တို့ဘက်က စပြီး အသုံးပြုမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ တိုက်ခိုက်ခံရရင်တော့ သုံးဖို့ကို တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” ဟု သမ္မတပူတင်က ပြောဆိုခဲ့ပါတယ်။