သမ္မတဘိုင်ဒင်အိမ်သိုလာသော ဧည့်သည်မှတ်တမ်း ရီပတ်ဘလစ်ကန်တောင်းခံ

သမ္မတ ဂျိုးဘိုင်ဒင် ဒုသမ္မတဖြစ်ခဲ့စဉ်က ရုံးခန်းနှင့် ကားဂိုဒေါင်တွင် ကန့်သတ်စာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဝီလ်မင်တန်ရှိ ဘိုင်ဒင်၏ အိမ်သို ဝင်ထွက်ခဲ့သော ဧည့်သည်မှတ်တမ်းများကို အမေရိကန် အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီ၏ ရီပတ်ဘလစ်ကန်ပါတီဝင် ဥက္ကဌက ယမန်နေ့က တောင်းခံခဲ့သည်။

“သာမန် အမေရိကန်ပြည်သူတွေကတော့ ဒီအလွန်အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ဘယ်သူတွေသာလျှင် ကြည့်ရှုခွင့်ရှိတယ်ဆိုတာ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါဘူး” ဟု အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီမှ ကိုယ်စားလှယ် James Comer က တနင်္ဂနွေ နေ့စွဲဖြင့် အိမ်ဖြူတော်ဦးစီးအကြီးအကဲ Ron Klainထံပေးပို့သော စာ၌ ပြောကြားခဲ့သည်။