ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Software) အသုံးပြုနည်း သင်တန်းဖွင့်ပွဲကျင်းပ

ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အမှတ် (၃) စစ်ကြောရေးနှင့် တည်းခိုရေးတပ် ဆင်ဖြူရှင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲဝင်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ ဆရာမများ၊ နည်းပြများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။

အဆိုပါစနစ်တွင် မိမိမြိုနယ်အတွင်း၊ ခရိုင်အတွင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း၊ ပြည်ထောင်စုနယ်မြေအတွင်း ကော်မရှင်ရုံးချုပ်အနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒ နယ်မြေအလိုက် စာရင်းများကြည့်ရှုခြင်း၊ မဲဆန္ဒရှင်အမျိုး အစားအလိုက်၊ မသန်စွမ်းအမျိုး အစားအလိုက်၊ တိုင်းရင်းသား လူမျိုးအလိုက်နှင့် ဇယားပုံစံ အမျိုးအစားအလိုက် မဲဆန္ဒရှင် စာရင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စု မဲရုံများအဆင့်အထိ အသေး စိတ်ကြည့်ရှုနိုင်ခြင်း၊ လူစာရင်း ထပ်/မထပ် စစ်ဆေးခြင်း စသည့်လုပ်ဆောင်ချက် များကို သက်ဆိုင်ရာကော်မရှင်အဖွဲခွဲ အဆင့်များက ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စနစ်ကို အသုံးပြုခြင်းအားဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ အဆင့်အဆင့်အနေနှင့် မိမိကွပ်ကဲမှု အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကိုသိရှိကာ အချိန်နှင့်တစ်ပြေးညီ ကြီးကြပ် ကွပ်ကဲ ဆောင်ရွက်နိုင်သည့် အကျိုးကျေးဇူးများကို ရရှိကြမည်ဖြစ်သည်။

အဆိုပါသင်တန်းကို သင်တန်းသား သင်တန်းသူ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ ၁၅၀ တက်ရောက်ကြပြီး သင်တန်းကို ယနေ့မှ ဇန်နဝါရီ ၁၆ရက်မှ ၂၀ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။