မှော်ဘီတွင် လက်လုပ်ဗုံးများတပ်ဆင် ထားသည့် ဒရုန်းများတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ လယ်ကွင်းတခုအတွင်း ဒရုန်းတစ်စီးပျက်ကျပေါက်ကွဲသည့်နေရာကို ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီကစပြီး လုံခြုံရေးအဖွဲကရှင်းလင်းရာ လက်လုပ်ဗုံးများတပ်ဆင် ထားသော ဒရုန်းလေးစီးထပ်မံတွေ့ကြောင်းသိရသည်။

လုံခြုံရေးအဖွဲသည် ဒရုန်းကျရောက်ပေါက် ကွဲသည့်နေရာ၏ တစ်မိုင်ပတ်လည်ကိုရှင်းလင်းရာ အရှည်သုံးပေ၊ တောင် ပံနှစ်ခုထိပ်အရှည်လေးပေရှိ လက်လုပ်ဒရုန်းငါးစီးကို မိဂဒါဝုန်ကျောင်းအနီး ဂျိုးဖြူပိုက်လိုင်ဘေးတွင် ထပ်မံတွေ့ရှိပြီး ဒရုန့်းအားလုံးတွင် လက်လုပ်ဗုံးတစ်လုံးစီတပ်ဆင်ထားသည်ကိုတွေ့ရှိရသည်။ ထိုကြောင့် မှော်ဘီတွင်ပေါက်ကွဲထားသော ဒရုန်းတစ်စီး၊ ချုံပုတ်ပေါ်တင်နေသောဒရုန်းတစ်စီးနှင့် ထပ်မံတွေသော ဒရုန်းငါးစီးစုစုပေါင်းလက်လုပ်ဒရုန်း ၇ စီးသိမ်းဆည်းရမိကြောင်းသိရသည်။