အမေရိကန်မှာ တစ်လအတွင်း ၇ ကောင်မြောက် ဧရာမဝေလငါးအသေကောင်ကြီး သောင်တင်လာ

ဇန်နဝါရီ ၁၆ရက်က အရှည်ပေ ၂၀ ရှိတဲ့ ကျောခုံးဝေလငါးတစ်ကောင်ဟာ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည် နယ်၊ ဘရင်ဂါတင်းက ဂျာစီ ကမ်းခြေမှာ ပြီးခဲ့တဲ့ရက်သတ္တပတ် ကြာသပတေးနေ့တုန်းက သောင် တင်ခဲ့ ကြောင်း Marine Mammal Stranding Center ကနေ ပြောကြားခဲ့ပါတယ်။

သောင်တင်ပြီး သေဆုံးနေတဲ့ ကျောခုံး ဝေလငါးကြီးသေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ အတိ အကျမသိရ သေးပါဘူး။ ဒါဟာ တစ်လအတွင်း ၇ ကောင်မြောက် ဝေလငါးအသေကောင် သောင်တင်နေတာကိုမြင်တွေ့ရခြင်း လည်း ဖြစ်ပါတယ်။