ဧရာဝတီတိုင်းက တူးမြောင်းအတွင်း စက်လှေတိမ်းမှောက်

ဧရာဝတီတိုင်းက တူးမြောင်အတွင်း စက်လှေတိမ်းမှောက် ကလေး ၁ဦး သေဆုံး ကာ ၁ ဦး ပျောက်ဆုံးနေတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့် က ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပုသိမ် -ရန်ကုန်အမြန်လမ်းမကြီးဘေးရှိ အမှတ်(၃) တူးမြောင်းတွင် စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။

အဆိုပါဖြစ်စဉ်ကြောင့် လှေပေါ်ပါသူ ၉ ဦးအနက် ကလေးငယ် ယောက်ကျားလေး ၁ ဦးနှင့် မိန်းခလေး ၁ ဦးတို့ ပျောက်ဆုံးနေလို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၂ နာရီခွဲကျော်အချိန်ခန့်မှာတော့ မိန်းခလေးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိ တယ်လို့ဆိုပါတယ်။

လက်ရှိမှာ ရှာဖွေတွေ့ရှိထားတဲ့ ရုပ်အလောင်းကိုတော့ မေတ္တာရှင်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ဆားမလောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။