ဂရိမှာ ရထား ၂ စီးတိုက်လို့ အနည်းဆုံး လူ ၂၉ ယောက် သေဆုံး

ဂရိနိုင်ငံ Greek City of Larissa အနားမှာ အင်္ဂါနေ့ညက ရထား ၂ စီးတိုက်လို့ အနည်းဆုံး လူ ၂၉ ယောက် သေဆုံးပြီး ၈၅ ယောက် ဒဏ်ရာရသွားပါတယ်။
ကုန်တင် ရထားနဲ့ ခရီးသည် ၃၅၀ တင်ဆောင်လာတဲ့ ရထား ၂ စီးတိုက်မိတာ ဖြစ်ပြီး ရထားတွဲ ၃ တွဲ လမ်းချော်သွားလို့ ဒီလိုတိုက်မိတာလို့ သိရပါတယ်။
ဂရိမီဒီယာတွေက နိုင်ငံရဲ့ အဆိုးဆုံး ရထားတိုက်မှုလို့ ဖော်ပြကြပါတယ်။

Ref : bangkokpost