ဟိန္ဒူ (၇) ဦး အကြမ်းဖက်အသတ်ခံရပြီးနောက် အိန္ဒိယအစိုးရက ပြည်သူ့စစ်တပ်ဖွဲ့နဲ့အတူ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စစ်ပညာသင်ပေးပြီး လက်နက်တပ်ဆင်ပေး

အိန္ဒိယ-ပါကစ္စတန်နယ်စပ်ဖြစ်တဲ့ ကက်ရှ်မီးယားပြည်နယ် ဒန်းဂရီကျေးရွာမှာ ဇန်နဝါရီ လအစောပိုင်းက ဟိန္ဒူလူမျိုး ၇ ဦးအကြမ်းဖက်သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယအစိုးရက ပြည်သူ့စစ်တပ်ဖွဲ့ကို ပြန်လည်စုစည်းပြီး ဒေသခံပြည်သူ ထောင်ပေါင်းများစွာ စစ်ပညာသင်ပေးကာ လက်နက်တွေ တပ်ဆင်ပေးနေတယ်လို့ သိရပါတယ်။

ရာဂျိုရီခရိုင်ဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကြားထဲက ကက်ရှ်မီး ယားဒေသကို နှစ်ပိုင်းခွဲထားတဲ့ နယ်စပ်ဒေသဖြစ်ပြီး အိန္ဒိယစစ်သားတွေနဲ့ သူပုန်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာ ပြီးခဲ့ ဇန်နဝါရီ ၁ ရက်နေ့က သေနတ်သမားနှစ်ဦးလက်ချက်ကြောင့် သားအဖနှစ်ဦးအပါအဝင် ရွာသားလေးဦးသေ ဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သလို နောက်နေ့မှာလည်း ရွာထဲကအိမ်အပြင်ဘက်မှာ ဗုံးဖောက်ခွဲခဲ့တာကြောင့် ကလေးနှစ်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

crd;mhtnews