မြို့နယ်အချို့ ၌ ပြည်သူလူထုအား အကြမ်းဖက်သမားများက အကြောင်းမဲ့သတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်း မရှိသူ နိုင်ငံ့ဝန်ထမ်းများအား “သူလျှိ၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်‌နေကြပါတယ်။

ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီအချိန် တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ်၊ ပြည့်အိုင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်ဌေးကြည်(၅၁)နှစ် (ဘ)ဦးအေးမောင် သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်နုနု(၄၉)နှစ် (ဘ)ဦးတင်ဦးနှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်ဌေးကြည်နှင့် ဒေါ်နုနုတိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညနေ ၅ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြိုနယ်၊ ဆွာမြို၊ သဖန်းပင်ကျေးရွာရှိ ကူးတိုဆိပ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နဂျပ်(အထက်)ကျေးရွာနေ ဦးနေစိုး(၃၈)နှစ် (ဘ)ဦးမောင်ဘုသည် ရေတာရှည်မြိုမှ ဈေးဝယ်ပြီး ၎င်း၏နေအိမ်သို ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးနေစိုးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြိုနယ်၊ ပန်းယျကျေးရွာ သုဿန်အနီး၊ ပန်းယျ-တုန်ကုန်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်းမပေါ်၌ အမျိုးသား ၂ ဦးသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက်(၃၅)နှစ်ခန့်ရှိ အမျိုးသား ၁ ဦး (စိစစ်ဆဲ)နှင့် အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ)တိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူများအား မတ္တရာမြိုနယ်ပြည်သူ့ဆေးရုံသို ပိုဆောင် ထားရှိကြောင်း သိရသည်။

နံနက် ၈ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကြီးရွာကျေးရွာ၏မြောက်ဘက် ၂ ဖာလုံခန့်အကွာ မြေသားကန်ဘောင်ပေါ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်မင်းထွန်း(၄၂)နှစ် (ဘ)ဦးကျော်အား PDF အမည်ခံ အကြမ်းဖက် အဖွဲ့အင်အား ၁၅ ဦးခန့်က ကျေးရွာအတွင်းသို ဝင်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်ကာ အခင်းဖြစ် နေရာအရောက်တွင် သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်မင်းထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြိုနယ်၊ မြတောင်ကျေးရွာရှိ ဈေးအနီး၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကံညွန့်(ခ)ဖိုးချော (၄၈)နှစ် (ဘ)ဦးဖိုးပြားသည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြင့်မင်းမင်းမော်(၅၀)နှစ် (ဘ)ဦးသောင်းမြင့် နှင့်အတူ မြတောင်ကျေးရွာဈေး၌ ဈေးဝယ်နေစဉ် အကြမ်းဖက်သူ အမျိုးသား ၂ ဦး (စိစစ်ဆဲ)က ဓားဖြင့် ထိုးခုတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကံညွန့်(ခ)ဖိုးချောတွင် ဓားဒဏ်ရာရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။