ပေါင်းတည်မြို့၌ မီးလောင်မှုဖြစ်ပွား

ဧပြီလ ၂၈ ရက်နေ့၊ ၁၅ ၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အုတ်ဖို (၂)ရပ်ကွက်၊ မှတ်တိုင်လမ်းနေ ဦးသိန်းဇော်(ဘ)ဦး×××အသက်(၇၀)နှစ် နေအိမ်၌ ရေမော်တာ ရေတင်ထားရာမှအပူလွန်ကဲပီးစတင်လောင်ကျွမ်းခဲ့သဖြင့် (15×15)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၄)လုံး၊(20×20)ပေသွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊(30×20)ပေသွပ်မိုး၊အုတ်ညုပ်ဂိုထောင်(၁)လုံးတို့ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ပြီး တာဝန်ရှိသူတို့က ဖြစ်စဉ်အား ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ #Crd