ဖားကန့်မြေစာပုံပြိုလို့ လူသုံးဆယ်ကျော်သေဆုံး

ဖားကန့်မြို့နယ် မနကျေးရွာကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေပြိုကျခဲ့ပြီးကျောက်မျက်ရှာဖွေသူသုံးဆယ်ထက်မနည်းနစ်မြုပ်သေဆုံးပြီးစက်ယန္တယားဆယ်နဲ့ချီပါသွားတယ်လို့ပြောပါတယ်။

ဒီနေ့ မတ်လ ၁၂ ရက် မနက်စောစောမှာ စွန့်ပစ်မြေစာပုံတွေထားတဲ့ နွံကန်မှာရုတ်တရတ်ပြိုကျလာတာကြောင့် ကျောက်မျက်တူးဖော်သူတွေ စက်ယန္တယားတွေနစ်မြုပ်သွားကြခြင်းဖြစ်ပြီး ဖားကန့်ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေအားလုံးသက်တမ်းကုန်ဆုံးကာ တူးဖော်ခွင့်မရှိတော့ပေမယ့် အများစုကကျောက်မျက်တူးဖော်မှုနဲ့ရေမဆေးခိုးယူမှုဆက်လုပ်နေကြကြောင်းလည်းသိရပါတယ်။ #Crd