ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

🔷ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နပတ မှာ ယခုလအတွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ ပြောကြားခဲ့

🔷ထိုင်းနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်ကို နစကအနေနဲ့ တရားဝင်သတင်းမထုတ်ပြန်ခဲ့သလို ဘာတွေဆွေးနွေးလဲဆိုတာကိုလည်း တရားဝင်ဖော်ပြထားခြင်းမရှိပါဘူး

🔷အကျဉ်းကျနေသူတစ်ဦးကို နိုင်ငံခြားသံတမန်တစ်ဦးအနေနဲ့ ဧည့်သည်တွေ့တဲ့သဘော နစကအစိုးရက လိုက်လျောခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ ဖိအားပေးမှုတွေကို လျှော့ချခဲ့တာဖြစ်မယ်ထင်ပါတယ်..

🔷အာဆီယံထဲမှာ နစကအစိုးရနဲ့ Inline ဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို အခွင့်အရေးပေးပြီး အင်ဒို၊ စင်္ကာပူ၊ မလေးနိုင်ငံတွေရဲ့ ဖိအားကို တုန့်ပြန်ခဲ့တာဖြစ်ပြီး ဒီဆွေးနွေးပွဲကနေ ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်…

Crd; Shin Thant Lynn