ပခုက္ကူမြို့နယ်၊ နှောပင်ကျေးရွာနှင့် မြိုင်မြို့နယ်၊ မြေနီပင်ရွာအနီး PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်ရရှိ

ဇူလိုင်လ ၁၁ ရက် မနေ့က နံနက် ၈ နာရီခန့်တွင် ပခုက္ကူမြို့နယ် နှောပင်ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ တဲများတွေ့ရှိရသဖြင့် အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာမှ-
  • လက်လုပ်သေနတ် -၁ လက်
  • လက်လုပ်မိုင်း -၉ လုံး
  • ပြောက်ကျားယူနီဖောင်း- ၁ စုံ
  • ပြောက်ကျားဦးထုပ် -၂ လုံး
  • ဆိုင်ကယ် -၁ စီး
  • လူနေတဲ -၅ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပြီး
    ဆက်လက်၍ လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ နေ့လည် ၂ နာရီခန့်တွင် မြိုင်မြို့နယ်၊ မြေနီပင်ရွာအနီးတွင် PDF များ၏ စခန်းတစ်ခုအား တွေ့ရှိရသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ
  • လူနေတဲ -၁ လုံး
  • လေ့ကျင်းရေးကွင်း -၁ ကွင်း
  • လက်လုပ်သေနတ် -၁ လက်
  • လက်လုပ်စိန်ပြောင်း -၁ လက်
  • ဆိုလာ -၁ ချပ်
  • ဘတ္တရီ -၃ လုံး
  • ဝါယာကြိုး -၁ ခွေ
  • အင်ဗာတာ -၁ လုံး
  • ယမ်းကြိုး -၁ ခွေ
  • ပစ္စည်းစုံသေတ္တာ -၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။