ရွှေလီတံတားအနီး တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၁၃ ရက်
တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွှေလီတံတားအနီး နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိနေစဉ် KIA နှင့်ပူးပေါင်း အကြမ်းဖက်သမားအင်အား ၁၅ ဦးခန့်က လက်နက်များဖြင့် လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA နှင့် အကြမ်းဖက်သမားများ ဆုတ်ခွာသွားခဲ့ပါတယ်..
ဆုတ်ခွာရာနောက်သို့ တပ်မတော်မှ လိုက်လံရှင်းလင်းခဲ့ရာ တံတား၏ အနောက်မြောက်ဘက် ငါးအိုးကျေးရွာအနီး တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး-
-အကြမ်းဖက်သမား  ၂ လောင်း
-လက်လုပ်သေနတ် ၂ လက်
-တူမီး ၁ လက်
-ရှော့တိုက်ဒုံးသီးအခွံ ၁ ခုသိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က စစ်သည် ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ဟု သိရပါတယ်..